Monday, January 16, 2012

ဧရာဝတီ(မနော်ဟရီ)

ငါ့ အိမ်မက်တွေထဲ အစဉ်သဖြင့် ရုန်းထရှင်သန်နေခဲ့သော
အသက်ဝိညာဉ်
ငါ ရိုကျိုး ချစ်မြတ်လွန်းစွာ စာဖွဲ့လို့မမီနိုင်ခဲ့သော အလှတရား
ငါ့ သမ္မာတရားတို့နှင့်ငြိမ်းအေးစိမ်းစိုနေခဲ့လေသော
ကောင်းကင်မြစ်တစ်စင်း
အခုတော့လည်း အလျှံတ၀င်းဝင်းတွေကြား  တွန့်ကြေတောက်လောင်
တကယ်ဆို ဒါဟာလည်း တငွေ့ငွေ့မှောင်တဲ့ အရောင်တွေပါပဲ
ငါတို့ ဘယ်လိုအရောင်ပြောင်းလိုက်ကြရမလဲ။        ။

မနော်ဟရီ
၂၀၁၁ ဇွန်လ ပိတောက်ပွင့်သစ်

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်