Wednesday, January 18, 2012

ညီမလေးရဲ့အဝေးရောက်ချစ်သူအကြောင်း

အဓိပ္ပာယ်မဲ့မှုတွေကို ထမ်းပိုးအိမ်ပြန်လာခဲ့တယ်
ဒီနေ့လည်း အရင်နေ့လို ကြက်ခြေခတ်ခံရမယ့်နေ့စွဲပဲ
ဆင်ခြင်တုံတရားတွေ အငွေ့ပျံနေတဲ့အခန်းကျဉ်းလေးထဲ
အမှောင်ဟာ
 မြွေတစ်ကောင်လို တွားဝင်လာတယ်ညကြီးမင်းကြီး
ငါ့ကိုစွဲနေတဲ့မီးတောက်မီးညွန့်တွေရှိရာ
ဘ၀တစ်ခုလုံးထိုးကျွေးထားမိတဲ့ဒဏ်ရာ
လိပ်ပြာမလှတော့ဘူး
မွတ်သိပ်နေတဲ့မျက်လုံးတွေ ဆာလောင်မှုတစ်ခုဆီ
လက်ဆန့်တန်းနေသလိုမျိုး
ငါ့ရဲ့ဝင်သက်ထွက်သက်မှာ ဘယ်တော့ပန်းတွေထပွင့်မလဲ
ရေငတ်နေရဆဲမနက်ဖြန်များ
                                                              ကိုသျှား

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်