Wednesday, January 18, 2012

ညီမလေးရဲ့အဝေးရောက်ချစ်သူအကြောင်း-၂-ကိုသျှား

ညီမလေးရှိရာ အရပ်ဆီ မျက်နှာမူရင်း
 နေထွက်ခဲ့တာအကြိမ်ကြိမ်
ညီမလေးမကြားနိုင်တဲ့အရပ်ကနေ
ညီမလေးကြားအောင်အော်ခေါ်နေခဲ့မိတာအခါခါ
စိတ်သွားလမ်းတစ်လျှောက်
အလွမ်းတွေ တောထအောင် ပွင့်…လို့

နေ့ရက်တွေ ရေလိုတိုက်စားတိုင်း
ငါ့ရင် ကမ်းလို ပြိုတယ်
တမ်းတစိတ်က သစ်ရွက်လိုကြွေတော့
ဘ၀က သစ်ကိုင်းလို ကျိုးတယ်

ဘ၀ဆီက ရယူနိုင်တွေထက်
ညီမလေးကို ပိုပေးချင်ခဲ့သူပါ

အဝေးမြို့ဘုရားကျောင်းလေးက
ဓမ္မတေးတွေ ရွတ်ဆိုနေပြီလား
သားသတ်ရုံအပို့ခံရပြီးတဲ့သိုးတစ်ကောင်လို
ငါ့စိတ်ကလေးရှင်သန်နေရရှာ
ပိုးမွှားမကင်းစင်နိုင်သေးတဲ့ရေလို
ငါ့သက္ကရာဇ်တွေကို စစ်ယူနေရတယ်

မင်းဟာ ငါ့ယဉ်ကျေးမှုနဲ့ တည်ဆောက်ထားတဲ့မြို့
အဲဒီမြို့ကလေးရဲ့အဝေးနေထိုင်မှုစနစ်ဟာ
တစ်ရက်မှ မိုးလေမလွတ်ခဲ့ဘူး

ရွှေသားစစ်စစ်ပျော်ရွှင်မှုတွေပွေ့ပိုက်ပြီး
ညီမလေးဆီပြန်ချင်တယ်
                                                          ကိုသျှား

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်