ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို… မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့
ငိုတော့မယ်…။
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ တက်လာတယ်…
ဟောဒီတစ်သက်မှာ…
ဘယ်တုန်းကမှ အိပ်မက် မမက်ဘူးတဲ့ကောင်
ခုတော့… အလွမ်းတွေနဲ့ မှောင်…လို့။
“မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…”
အဲသည်.. တစ်စုံတစ်ရာသော “မိုး”လေ…
ငါ့ ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့ သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်…။
မင်းခိုက်စိုးစန်ကဗျာတွေကို တကယ်သဘောကျပါတယ်။ တကယ်လည်း ကောင်းပါတယ်။ အဲ့ကဗျာတွေနဲ့ပဲ ကြီးပြင်းလာခဲ့၇တာပါ။
ReplyDelete