Saturday, February 11, 2012

**ဝမ်းနည်းခြင်း အထိမ်းအမှတ်** မောင်လှမျိုး (ချင်းချောင်းခြံ)

“မီး” လောင်ပြီးစ
တစပြင် တစ်ခုလို
ပြာကျ ကျန်ရစ်ခဲ့မယ်…လို့ ထင်သလား။


“အချစ်” ကို
မီးရှူးတိုင်လို ကိုင်မြှောက်ပြီး
…, လမ်းလျှောက်ခဲ့သူပါ။
မီးစာကုန် ဆီခမ်း
အချစ်က ညာနမ်းသွား… လို့
နည်းနည်းတော့ လွမ်းတတ်ပါတယ်။


ငါ.. ကံကောင်းတာက
“မီး” သေသွားပေမယ့်၊
နေမင်း… လမင်း
ကြယ်, ပန်းခင်းတွေက
ငါ့ မနက်ခင်းကို လင်းစေတယ်။


ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်
အချစ်ကို…
သံသယတွေနဲ့ ပစ်ပေါက်မိတယ်။ ။
                       မောင်လှမျိုး(ချင်းချောင်းခြံ)

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်