Friday, February 17, 2012

အကျီ င်္ရင်ဘတ်ကြယ်သီးပြုတ်နေတဲ့….ကောင် (မင်းခိုက်စိုးစန်)

ရင်ဘတ်ကို
သံဘရပ်(ရှ)ကြမ်းကြမ်းနဲ့
ဗြန်းကနဲ တိုက်ဆွဲလိုက်သလိုပ။
ဥတ္တရဆောင်းရဲ့ လက်သည်းချွန်တွေကုတ်ခြစ်
အသားစတွေအတစ်အတစ်နဲ့  …
ဦးခေါင်းခွံထဲ
ဒိန်ချဉ်ပျော့ပြဲပြဲတွေထည့်ထားတဲ့ကောင်
သူ့ရင်ဘတ်ကိုကာဖို့ဆိုပြီး
ချစ်သူကိုပွေ့ဖက်ခဲ့
(နွေးသတဲ့)
ရယ်လိုက်ကြဟေ့…ရယ်ကြဟေ့
အဲဒီကောင်ငတုံး
ခုတော့..သူ့ရင်ဘတ်တစ်ခုလုံးမှာ
မီးလောင်ရာ ဗလပွနဲ့ …
                          မင်းခိုက်စိုးစန်

3 comments:

  1. ဟေးးးးးးးးးးးး
    ကော်ပီမပေးဘူးဆိုလို့လုပ်ကြည့်တာ ctrl+c လုပ်ကြည့်တာရတယ်နော်
    paste ပြန်လုပ်ကြည့်တာလည်းရတရ်
    အကြံပေးတာနော်................................ဟဲဟဲ

    ReplyDelete
  2. Right Click Disable လုပ်ထားတာပါဗျ Copy မပေးတာမဟုတ်ပါဘူး

    ReplyDelete
  3. ကြိုက်ပီဗျို့ 

    ReplyDelete

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်