အစိမ်းရောင် အခမ်းအနားဟာ
ကျောင်းသားတွေအပေါ် ကျရောက်ခဲ့တဲ့
သံတုတ်တွေနဲ့အတူ စတင်ခဲ့တယ်
အစိမ်းရောင် အခမ်းအနားဟာ
ညာသံတွေပေးလို့...တပ်လှန့်သံတွေပေးလို့
ချေဂွေဗားရားလို ကျဆုံးခြင်းတွေ ငါတို့ကိုပေးလို့
အဲ့လိုနဲ့...ငါတို့ နာကျင်ခဲ့ကြရတယ်
အဲ့လိုနဲ့...ငါတို့ မေ့မရဖြစ်ခဲ့ကြရတယ်
အစိမ်းရောင် အခမ်းအနားဟာ
ကြေကွဲဖွယ်ရာ အခမ်းအနား တစ်ခုလည်းဖြစ်တယ်
အစိမ်းရောင် အခမ်းအနားဟာ
နာကျဉ်းအောက်မေ့ဖွယ်ရာ အခမ်းအနား တစ်ခုလည်းဖြစ်တယ်
အစိမ်းရောင်အခမ်းအနားမှာ ငါတို့သွေးတွေဟာ ချွတ်လို့မရ
တစ်နေ့ပြီးတစ်နေ့ အစိမ်းရောင် အခမ်းအနားဟာ သက်တမ်းရင့်ရော်လာခဲ့
ဒါပေမယ့် ငါတို့ရင်ထဲမှာ...သူပေးသွားခဲ့တဲ့ ဒဏ်ရာတွေဟာ ဖြေဆေးမရှိ...
အစိမ်းရောင် အခမ်းအနားအကြောင်းပြောတိုင်း ငါတို့တွေဟာ တခမ်းတနား
ငိုကြွေးနေရဆဲ...အစိမ်းရောင် အခမ်းအနားရေ...
အစိမ်းရောင်ရင့်ရင့်နေ့ရက်တွေထဲက လွတ်မြောက်ပါစေလားကွယ်
ရွှေကြယ်မိုး
(ကိုဘုန်းမော်နေ့အတွက် အမှတ်တရအဖြစ် ရေးသားသည်။)
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ