ငှက်ကလေးရေ....
မပြယ်နိုင်တဲ့ အချစ်ဟောင်းတစ်ချို့နဲ့
မပြယ်နိုင်တဲ့ အချစ်ဟောင်းတစ်ချို့နဲ့
မပြင်နိုင်တဲ့ အကျင့်ဟောင်းတစ်ခုကတော့
ငါ့နှလုံးသားကိုစီရင်ချက်ချနေဆဲပဲ...
တစ်ကြီမ်လည်းမဟုတ်...
နှစ်ကြီမ်လည်းမဟုတ်ဘူး....
နင်လှလှပပ ကစားတဲ့ ကျားကွက်မှာ
ငါဦးနှောက် စားဖို့ စိတ်မကူးခဲ့ဘူး...
ငှက်ကလေးရေ....
ဟန်ဆောင်ကြပြတဲ့ နင့်မျက်ရည်တစ်စက်တောင်
နင့်ပါးပြင်ကို မနမ်းစေချင်တာ..ငါ့ဆဒ္ဒပါ..
တစ်ခါလည်းမဟုတ်
ငါ့နှလုံးသားကိုစီရင်ချက်ချနေဆဲပဲ...
တစ်ကြီမ်လည်းမဟုတ်...
နှစ်ကြီမ်လည်းမဟုတ်ဘူး....
နင်လှလှပပ ကစားတဲ့ ကျားကွက်မှာ
ငါဦးနှောက် စားဖို့ စိတ်မကူးခဲ့ဘူး...
ငှက်ကလေးရေ....
ဟန်ဆောင်ကြပြတဲ့ နင့်မျက်ရည်တစ်စက်တောင်
နင့်ပါးပြင်ကို မနမ်းစေချင်တာ..ငါ့ဆဒ္ဒပါ..
တစ်ခါလည်းမဟုတ်
နှစ်ခါလည်းမဟုတ်ခဲ့ဘူး....
နင်တစ်ကွက် ရွှေ့  တိုင်း..
ငါ့အသည်းတစ်ခါနာရတယ်....
နင်လျှောက်တဲ့ခြေတစ်လှမ်းတိုင်းရှေ့မှာ
သေမိန့်ကြနေတဲ့ နှလုံးသား
ဆွဲကြိုးကိုမြင်လည်း.....
လည်စင်းပြီးပေးခဲ့တယ်...
အရာရာ လျစ်လျူရှု့  ..မသိသယောင်ပြု..
နင့်ဆီကပြန်တဲ့အချိန်တွေ...
တစ်စ.တစ်စ ကြွေကြ..ငါ့မာနတွေ..
အခုခပ်ပါးပါးလေးပဲကျန်တော့တယ်....
နင်တစ်ကွက် ရွှေ့  တိုင်း..
ငါ့အသည်းတစ်ခါနာရတယ်....
နင်လျှောက်တဲ့ခြေတစ်လှမ်းတိုင်းရှေ့မှာ
သေမိန့်ကြနေတဲ့ နှလုံးသား
ဆွဲကြိုးကိုမြင်လည်း.....
လည်စင်းပြီးပေးခဲ့တယ်...
အရာရာ လျစ်လျူရှု့  ..မသိသယောင်ပြု..
နင့်ဆီကပြန်တဲ့အချိန်တွေ...
တစ်စ.တစ်စ ကြွေကြ..ငါ့မာနတွေ..
အခုခပ်ပါးပါးလေးပဲကျန်တော့တယ်....
ငှက်ကလေးရေ....
သက်ပြင်းတွေသာ ဆေးလိပ်ငွေ့တွေနဲ့ရော
ငါ့၇ဲ့ညတွေ ပါးပါးလေးတိုက်စားခံရတယ်..
ပြိုကြတဲ့ကမ်းပါးမှာ..
အလွမ်းတွေနဲ့တံတားထိုး
ဂစ်တာတစ်လက်နဲ့..
အခါးရောင်ကမ္ဘာမှာ.....
လင်းလက်မှု့တွေလိုက်ရှာရင်း...
ပုရစ်သံလေးတွေသာ အဖော်ပြုခဲ့ရတယ်...
သက်ပြင်းတွေသာ ဆေးလိပ်ငွေ့တွေနဲ့ရော
ငါ့၇ဲ့ညတွေ ပါးပါးလေးတိုက်စားခံရတယ်..
ပြိုကြတဲ့ကမ်းပါးမှာ..
အလွမ်းတွေနဲ့တံတားထိုး
ဂစ်တာတစ်လက်နဲ့..
အခါးရောင်ကမ္ဘာမှာ.....
လင်းလက်မှု့တွေလိုက်ရှာရင်း...
ပုရစ်သံလေးတွေသာ အဖော်ပြုခဲ့ရတယ်...
ငှက်ကလေးရေ....
လမ်းဆုံးမှာမီးအိမ်တွေ့  မလားဆိုပြီး
မှောင်ကြီး တဲ့ပြေးရတဲ့ယုန်သူငယ်ရဲ့အဖြစ်..
ငှက်ဆိုးတွေရဲ့ တေးသံကိုတောင်..ချိုသလိုထင်
ပန်းတိုင်ကိုအမောဖောက်ရောက်ဖို့...စိတ်ကူးတွေယဉ်..
နောက်ဆုံးတော့လည်း..လိုချိန်မှာ လာမသာခဲ့ဘူး.....
လမ်းဆုံးမှာမီးအိမ်တွေ့  မလားဆိုပြီး
မှောင်ကြီး တဲ့ပြေးရတဲ့ယုန်သူငယ်ရဲ့အဖြစ်..
ငှက်ဆိုးတွေရဲ့ တေးသံကိုတောင်..ချိုသလိုထင်
ပန်းတိုင်ကိုအမောဖောက်ရောက်ဖို့...စိတ်ကူးတွေယဉ်..
နောက်ဆုံးတော့လည်း..လိုချိန်မှာ လာမသာခဲ့ဘူး.....
ငှက်ငယ်လေးရေ....
ဒါတွေကိုနင်သိခဲ့လား...ငါ့မှာသာ
စည်းချက်မညီစွာခတ်တဲ့တောင်ပံတွေအောက်မှာ...
ခဏခဏ မှောက်လျက်လဲ...ပြန်အထမှာ..
ဒါတွေကိုနင်သိခဲ့လား...ငါ့မှာသာ
စည်းချက်မညီစွာခတ်တဲ့တောင်ပံတွေအောက်မှာ...
ခဏခဏ မှောက်လျက်လဲ...ပြန်အထမှာ..
ခံရပါများတဲ့နှလုံးသား..နေသားတကျရှိသယောင်ပြုရတယ်..
ဂန္တ၀င်မဆန်ပေမယ့်...ပေးဆပ်တဲ့နွံမှာပဲ နစ်နေတဲ့ငါ
နင့်ဆီက လက်တစ်ဖက်တောင်းခဲ့ဘူးလို့လား......
ဂန္တ၀င်မဆန်ပေမယ့်...ပေးဆပ်တဲ့နွံမှာပဲ နစ်နေတဲ့ငါ
နင့်ဆီက လက်တစ်ဖက်တောင်းခဲ့ဘူးလို့လား......
ငှက်ကလေးရေ....
ဗီဇသဘောက သိပ်ကွာတော့လည်း
ကိုယ်နဲ့တစ်လှမ်းချင်းလိုက်မယ့်အစား
ပြန်နိုင်စွမ်းပဲအားကိုးပါကွာ..
နင် လိုရာကိုမညွှန်ပြနိုင်ပေမယ့်
လေဟုန်ခတ်မဲ့တောင်ပံတွေကို
လွပ်လပ်ခွင့်ပေးထားပါတယ်....
ဗီဇသဘောက သိပ်ကွာတော့လည်း
ကိုယ်နဲ့တစ်လှမ်းချင်းလိုက်မယ့်အစား
ပြန်နိုင်စွမ်းပဲအားကိုးပါကွာ..
နင် လိုရာကိုမညွှန်ပြနိုင်ပေမယ့်
လေဟုန်ခတ်မဲ့တောင်ပံတွေကို
လွပ်လပ်ခွင့်ပေးထားပါတယ်....
ငှက်ကလေးရယ်....
လေလွင့်လူတစ်ယောက်ရဲ့ချစ်ခြင်းကို..
နင်မယုံနိုင်ခဲ့ဘူးနော်...၀မ်းနည်းပါတယ်ငှက်ကလေးရယ်..
နင်ပြောတဲ့..ဂန္တ၀င်မဆန်တဲ့ငါ့အချစ်
သက်သေတွေမလိုဘူး...
နွေမှာ လွမ်းတဲ့နွေ ဥသြ တောင်
တစ်ချိန်ချိန်အဆင်ပြေနိုင်ဦးမယ်..
လေလွင့်လူတစ်ယောက်ရဲ့အချစ်အတွက်တော့
မယုံဘူး ဆိုတဲ့ အလင်္ကာတွေအောက်မှာ
နင်မယုံနိုင်ခဲ့ဘူးနော်...၀မ်းနည်းပါတယ်ငှက်ကလေးရယ်..
နင်ပြောတဲ့..ဂန္တ၀င်မဆန်တဲ့ငါ့အချစ်
သက်သေတွေမလိုဘူး...
နွေမှာ လွမ်းတဲ့နွေ ဥသြ တောင်
တစ်ချိန်ချိန်အဆင်ပြေနိုင်ဦးမယ်..
လေလွင့်လူတစ်ယောက်ရဲ့အချစ်အတွက်တော့
မယုံဘူး ဆိုတဲ့ အလင်္ကာတွေအောက်မှာ
ကာရန်တွေမညီချင်တော့ဘူး...
ခံရပါများတော့လည်း..ကြံရာမရတဲ့နှလုံးသား
မြင်တတ်ရင်သနားဖို့တောင်ကောင်းတယ်
ငှက်ငယ်လေးရေ...
ငါလျှောက်တဲ့ပေးဆပ်သူတို့လမ်းမှာ
ဒါတွေ....အားလုံး...
ငါအခုခံစားနေရတာနဲ့.....တန်ရဲ့လား..
မှန်ရောမှန်ရဲ့လား....
ငှက်ငယ်လေးရယ်
ငါချိုမြိန်ခဲ့ပါတယ်...မာယာမဲ့အနမ်းတွေကို..
ထပ်ဆုံချင်သေးတယ်...ဒါပေမယ့်
သစ်ငုတ်အိုရွှေချလို့လှမလာနိုင်ဘူး..ဒီလိုပဲ..
မင်းအတွက် နောက်ဆုံးဖြစ်ချင်ပေမယ့်
ငါ့အချစ်ကို စော်ကားတာမခံနိုင်ဘူး..
မုန်းတယ်ဆိုတဲ့စကား..ငါမကြားရဲဘူး
ငါနင့်ကိုသတိရချိန်တွေမှာ..ဒီစာရွက်လေးကိုဖွင့်
ဒီကဗျာလေးဖတ်ပြီး...ဂစ်တာတစ်လက်နဲ့.
ငါဆောက်ခဲ့တဲ့ တံတားလေးပေါ်မှာ...
ငါငိုနေပါ့မယ်........
ငှက်ငယ်လေးရေ.....
ဟိုးတစ်ဖက်ကမ်းကိုငါမပါပဲနင်ကူးချင်ရင်တော့
ငါ့မေတ္တာနဲ့ရွက်လွင့်ထားတဲ့ လှေငယ်လေးရှိတယ်
နင်လျှောက်တဲ့လမ်းလှိုင်းကြမ်းရင်..
သစ္စာလှော်တက်...အံဝှက်ထဲမှာရှိတယ်.
ငါကတော့..တံတားမှာပဲနေရင်း..
တစ်ကောင်တည်းကြေကွဲတာကို
တာဝန်ဆက်ယူပါရစေ....နင်သာ..
အဆင်ပြေပါစေ.....
မြင်တတ်ရင်သနားဖို့တောင်ကောင်းတယ်
ငှက်ငယ်လေးရေ...
ငါလျှောက်တဲ့ပေးဆပ်သူတို့လမ်းမှာ
ဒါတွေ....အားလုံး...
ငါအခုခံစားနေရတာနဲ့.....တန်ရဲ့လား..
မှန်ရောမှန်ရဲ့လား....
ငှက်ငယ်လေးရယ်
ငါချိုမြိန်ခဲ့ပါတယ်...မာယာမဲ့အနမ်းတွေကို..
ထပ်ဆုံချင်သေးတယ်...ဒါပေမယ့်
သစ်ငုတ်အိုရွှေချလို့လှမလာနိုင်ဘူး..ဒီလိုပဲ..
မင်းအတွက် နောက်ဆုံးဖြစ်ချင်ပေမယ့်
ငါ့အချစ်ကို စော်ကားတာမခံနိုင်ဘူး..
မုန်းတယ်ဆိုတဲ့စကား..ငါမကြားရဲဘူး
ငါနင့်ကိုသတိရချိန်တွေမှာ..ဒီစာရွက်လေးကိုဖွင့်
ဒီကဗျာလေးဖတ်ပြီး...ဂစ်တာတစ်လက်နဲ့.
ငါဆောက်ခဲ့တဲ့ တံတားလေးပေါ်မှာ...
ငါငိုနေပါ့မယ်........
ငှက်ငယ်လေးရေ.....
ဟိုးတစ်ဖက်ကမ်းကိုငါမပါပဲနင်ကူးချင်ရင်တော့
ငါ့မေတ္တာနဲ့ရွက်လွင့်ထားတဲ့ လှေငယ်လေးရှိတယ်
နင်လျှောက်တဲ့လမ်းလှိုင်းကြမ်းရင်..
သစ္စာလှော်တက်...အံဝှက်ထဲမှာရှိတယ်.
ငါကတော့..တံတားမှာပဲနေရင်း..
တစ်ကောင်တည်းကြေကွဲတာကို
တာဝန်ဆက်ယူပါရစေ....နင်သာ..
အဆင်ပြေပါစေ.....
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ