Sunday, April 8, 2012

အိမ်အပြန်-ရွှေကြယ်မိုး

နင်လာတော့ ငါ့မှာ ပျော်ရတယ်
နင်ပြန်သွားတော့ ငါ့မှာ ငိုရတယ်

ကံတရားရဲ့ ချားရဟတ်ထဲ
ဝေ့၀ိုက်စီးမျောကြရင်း
နင့်ကို ငါကလွမ်းလိုက်
နင်က ငါ့ကိုသတိရလိုက်နဲ့
ငါတို့ အသီးသီး ၀မ်းနည်းနေရတယ်

နိမ့်တုံမြင့်တုံ ကံတရားထဲ
တို့တွေ ထာဝရ ဝေးကွာသွားကြမလား
နယ်ခြားတဲ့သူကိုေ၀၀ါးစွာနဲ့
တမ်းတနေခဲ့ရတဲ့ သွေးကြောတွေရဲ့အိမ်မှာ
စီးကရက်ငွေ့တွေက ကျွမ်းလုမတတ်လောင်မြိုက်တယ်..

ချောင်းငယ်မြောင်းငယ်လေးများကြား
တလူလူလွင့်နေတဲ့အောင်လံနီရဲရဲများကြား
တို့တွေရဲ့ စားသောက်ဆိုင်လေးရယ်
တို့တွေရယ် ခြားနားခဲ့ကြရတယ်

ဝိုးတ၀ါးမဟုတ်ပါဘဲ တိတ်တခိုး ငြိစွန်းခဲ့ကြတယ်
ခံစားတတ်တဲ့ မျက်ဝန်းတွေရယ်
နောက်ဆုံးနေ့ညနေမှာ လက်တွေဝေ့ရမ်းကြရင်း
ပါးပြင်မှာ ချောင်းစီးပေးခဲ့ကြတယ်
တောင်စဉ်ရေမရ အလွမ်းပွဲတော် အတွက်ပေါ့

အဲ့ညမှာ
ဧရာဝတီရဲ့ဘေးမှာ
ဧရာဝတီချစ်တဲ့ မင်းအတွက်
ဂစ်တာသံတွေကြားမှာ မျက်နှာကို ကွယ်ဝှက်ထားရင်း
တိတ်ဆိတ်စွာ ငိုကြွေးခဲ့တယ်
လွမ်းသူ့ရင်မှာ တမှိုင်မှိုင်

ငါလည်း အဲ့မြို့လေးက ပြန်ခဲ့ပါပြီ
တစ်နေ့နေ့တော့ ပြန်ဆုံကြရမယ်
အိပ်မက်တွေနဲ့ငါ့မှာ တမျှော်မျှော်

ဖုန်းဆက်ဖို့က အားအင်မရှိ
တစ်ညနေစာ စောပြန်သွားခဲ့တဲ့ မိန်းကလေးရေ
ငါရဲ့ညနေခင်းတွေဟာ လက်ဆွဲနှုတ်ဆက် အဲ့ညနေဆီ
ပြန်ပြန်ရောက်နေမိတယ်
တစ်နေ့နေ့တော့
တစ်နေ့နေ့တော့
ဒီလိုနဲ့ အဲ့ဒီ တစ်နေ့နေ့ကိုမျှော်
                                    ရွှေကြယ်မိုး

1 comment:

  1. လာတာတွေမလာတာတွေမသိဘူး ရိုက်ကလစ်မပေးတာတော့ တော်တော်ပေါက်တယ် ငါ့ကောင်

    ReplyDelete

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်