Friday, July 27, 2012

လှောင်အိမ်နှင့်ငှက်-ကျော်ကိုကို(ဗ.က.သ)

            ကမ္ဘာမှာ
ဖျောက်ဖျက်ပစ်လို့ မရတဲ့
အမှတ်တရနေ့တွေရှိတယ်။

အောက်တိုဘာ တော်လှန်ရေးကြီး စတင်တဲ့နေ့
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့နေ့
မာသာထရီဇာ ကွယ်လွန်တဲ့နေ့
တကသအဆောက်အအုံ ဗုံးခွဲခံရတဲ့နေ့
အေဘရာဟင် လက်ကွန်း ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့
ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရတဲ့နေ့

နေ့ထူးနေ့မြတ်တွေကို
ငါတို့ ဂုဏ်ပြုကြ
ဝမ်းနည်းဖွယ်နေ့ရက်တွေကို
ငါတို့ လွမ်းဆွတ်တသ…

ကမ္ဘာကြီးရေ
သင် သိမ်းဆည်းထားရတော့မယ့်
နေ့သစ်ဟာ ဖြစ်ထွန်းခဲ့ပြီ။

လှောင်အိမ်ထဲက
နောက်ဆုံး ခွပ်ဒေါင်းတစ်ကောင်လည်း
လွတ်မြေက်ခဲ့ပြီ။

ကမ္ဘာကြီးရေ
သင့်ကို
အလေးအနက် ငါ မှာကြားပါရစေ…
သင်ကိုယ်တိုင်ဟာ
ပိုကျယ်ဝန်းနက်ရှိုင်းတဲ့
လှောင်အိမ်ကြီးတစ်ခု မဖြစ်ပါစေနဲ့။
                                    ကျော်ကိုကို
                                    4.7.2012
(ကိုအေးအောင်ကိုမင်္ဂလာဒုံလေဆိပ်မှာ သွားကြိုတဲ့နေ့)

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်