Friday, July 27, 2012

စစ်အတွင်းမှာ ချစ်ခြင်းနဲ့ ဝေးကွာရတယ်-ကျော်ကိုကို(ဗ.က.သ)

စစ်ဟာ တာရှည်အက်ကွဲမှု
အချစ်အိပ်မက်ဟာ
ခြောက်ခြားဖွယ် တိတ်ဆိတ်နေတဲ့
ဒုက္ခသည် စခန်း။

တောင်တန်းပေါ်က
စီးကျလာတဲ့ မြစ်ရေမှာ
သွေးစ သွေးကွက်တွေတောင်
ရေခဲတုံးလေးတွေလို
မပျော်ဝင်သေးပါဘူး
အချစ်ရယ်။

စစ်ကြီးမပြီးသေးသရွေ့
အချစ်ခရီး မနီးသေးသရွေ့
ပစ်ကွင်းထဲမှာ
လူငယ်စစ်စစ်တွေ
အတုံးအရုန်း အစားထိုးရင်း……။

တို့ရဲ့ အချစ်ငွေ့ မပြယ်သော လက်များက
ကိုင်လက်စ အလံကို
ကျစ်ကျစ်ပါအောင်
ဆွဲထူ ဝှေ့ယမ်းပြီးနောက်

အသံတစ်သံသာ
မြစ်ဆုံမှာ ပဲ့တင်ထပ်ခွင့်ရမယ်ဆိုရင်
မနောတိုင်တွေ
မယိုင်လဲစေဖို့
“ဆောရာအိုင်” လို့
တစ်ခွန်းသာ
မင်းပြောလိုက်စမ်းပါ။            ။
                        ကျော်ကိုကို
                        ၃၀.၆.၂၀၁၂
*ဆောရာအိုင်=ကချင်ဘာသာဖြင့် ချစ်တယ်လို့ အဓိပ္ပါယ်ရ
သည်။                            

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်