Friday, July 6, 2012

အရူးတစ်ယောက်ရဲ့ ကောင်းကင်-လင်းညီညာ

ရေတစ်ခွက် အေးအေးဆေးဆေးသောက်ဖို့
အချိန်လိုတယ်
ငွေလိုတယ်
နောက်ပြီး
ရေလည်းလိုတယ်။      

ကန့်သတ်မထားပါနဲ့
ခင်ဗျား ဦးခေါင်းခွံကို ဖွင့်လိုက်ပါ
စကြာဝဠာထဲ စီးမျောဖို့အတွက်
စကြာဝဠာ ရှိတယ်ဆိုတာကတော့
ခင်ဗျားလက်ခံပေးရလိမ့်မယ်။    
(ဒါလေးပဲ ရင်းရတာပါ)

ကန့်သတ်မထားပါနဲ့
ခင်ဗျားရဲ့ အတွေး
နားတွေ၊ မျက်စိတွေ
သွေးကြောတွေ၊ အသိညာဏ်တွေ
ပြီးတော့ နှလုံးသား
အားလုံးကို ဖွင့်ချလိုက်ပါလား
ဟော   ဒါဆို
ခင်ဗျား လွင့်မျောလို့ရသွားပြီ
အောက်ကိုသာ ငုံ့ကြည့်နေပေရော့။       









ဘောင်ခတ် ကန့်သတ်မထားပါဘူး
ကိုယ်ယုံကြည်သလို
ကိုယ်ရွတ်ဆိုခွင့်ရှိတယ်
ကိုယ့်စိတ်ကူးထဲက ကိုယ်ယုံကြည်ရာ အဖြစ်
“လင်းညီညာ ဆိုတဲ့ အကောင်ဟာ
အရူးသာ ဖြစ်တယ်” လို့
ခင်ဗျား ရွတ်ဆိုခွင့်ရှိတယ်။       

ဘာမှမရှိတဲ့အရာကတော့ ဘာမှဖြစ်မလာနိုင်ဘူး။ 
                                                                   လင်း
                                         ညီ
                                         ညာ



No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်