À
မနေသင့်တဲ့အရပ်ဆိုပေမယ့်
သံနှောင်ကြိုးတွေ
အထပ်ထပ်နဲ့
ရစ်ပတ်လို့ချည်နှောင်
ရှေ့အနာဂါတ်ဟာ
တောက်ပစွာ မဲမှောင်နေ။ ။
À
ဘယ်အချိန်တုန်းကများ
လှပစွာ
သာယာခဲ့ဖူးသလဲ
ကိုယ့်သမိုင်း
ကိုယ်ပြန်ရေးဖို့အတွက်တောင်
မှင်ကုန်နေခဲ့ရတဲ့ကောင်။ ။
À
ကံဇာတ်ဆရာရဲ့ အလိုကျဆိုပေမယ့်
တစ်ခါတစ်ရံမှာ
(ဒီအခွံထဲက)
ဖေါက်ခွဲထွက်ပြလိုက်ချင်ရဲ့
နာကျင်စရာတွေကို
အစာရေစာနဲ့ ထိုးသိပ်
တိတ်တဆိတ်အိပ်ရတဲ့
ညတွေများလာ။ ။
À
အတောင်ပံ မပေါက်ခင်
စာသုံးခံလိုက်ရတဲ့
ပိုးတုံးလုံးတွေလို
အိပ်မက်တွေအညွန့်တုံးလို့
ကျိုးကြေတဲ့အခါ
ယုံကြည်ရာတစ်ခုကို
ကိုင်ဆုပ်လို့
လူတစ်ချို့ကိုလည်း
ခုန်အုပ်ပစ်လိုက်ချင်ရဲ့။
À
ခါးလယ်က ဆုတ်ဖြဲခံလိုက်ရတဲ့
ဘူ ဖဲတစ်ချပ်လို
ဘ၀က ချာလပတ်ရမ်းခါနေ
ကိုယ့်ဖြစ်တည်မှုကို ကိုယ်ပြန်မမြင်နိုင်တဲ့အခါ
လက်ညှိုးထိုးလို့ အပြစ်တင်စရာ
ငါ့ကိုယ်ငါပဲ မြင်နေ။ ။
À
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ
မဖြစ်နိုင်တာတွေ ရွေးချယ်ဖြစ်လာချင်တယ်
(တကယ့်တကယ်သာ ဖြစ်ခွင့်ရခဲ့ရင်)
ချွှန်မြရှထက်
အသွားနှစ်ဖက်နဲ့ ဓါးတစ်လက်ဖြစ်ချင်တယ်။
လင်းညီညာ
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ