Sunday, November 27, 2011

ရှင်ကွဲ-တိုးနှောင်မိုး

ညတွေထဲ

လွမ်းလိုက်တာနှင်း…

မြစ်က ခိုးနားထောင်မှာစိုးလို့

အိပ်မက်တွေ မော့မော့သောက်ရင်း

ရင်ခုန်ဖို့ ထိတ်လန့်နေရသူပါ

မျက်လုံးတွေ မှိတ်မရတဲ့အခါ

အမြဲတမ်းလွမ်းစိတ်နဲ့လောင်

ညစဉ်ညတိုင်း

ခုတင်နဲ့ ကျောနဲ့ကပ်

ဒီလိုနဲ့ဝေးရတော့မှာလား

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ချစ်ခြင်းတွေ

ကွင်းပြင်ထဲ ဟစ်အော်ပြေးနေရပြီ

တကယ်ဆို

ချစ်ကံခေသူရဲ့ နိဂုံးဟာ ဒီလိုပဲ

ခွဲခွာခြင်းကို ဆေးထည့်လို့မရဘူးလားကွယ်။ ။

တိုးနှောင်မိုး

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်